၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေလွှာများအား စစ်ဆေးခဲ့သည့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆရာ/ ဆရာမများအား ဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေလွှာများအား စစ်ဆေးခဲ့သည့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆရာ/ ဆရာမများအား ဂုဏ်ပြု




MNP ၊ မေ ၄

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေလွှာများအား စစ်ဆေးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမများအား ဂုဏ်ပြုပွဲကို ယနေ့ နံနက် ပိုင်းတွင် မန္တလေးမြို့၊ ရတနာပုံခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာဖြေလွှာစစ်ဆေးခဲ့သည့် ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထား သူများ တက်ရောက် ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေလွှာများအား စစ်ဆေးခဲ့သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဆရာ/ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။ ယင်းနောက် မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ဆရာ၊ ဆရာမများက အကအလှများဖြင့် သီဆိုဖျော်ဖြေကြကာ နံနက်စာဖြင့်တည်ခင်းဧည့်ခံသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အကအလှအဖွဲ့ များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေလွှာများကို စစ်ဆေးသူ ဆရာ၊ ဆရာမ ၂၀၄၉ ဦးဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၄၉၆၅၀ ဦး၏ စာဖြေလွှာ များအား ဧပြီ ၂၈ ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ မေ ၅ ရက်တွင် အပြီးစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)