Pages

Pages

ကျိုက်ထိုမြို့နယ်တွင် ငှက်ဖျားရောဂါ ဆန်းစစ်ဆွေးနွေး




MNP ၊ မေ ၂၀

မွန်ပြည်နယ် ကျန်းမာရေးဉီးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ပူးပေါင်းပြီးကျိုက်ထိုမြို့နယ် ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းဆန်းစစ်ဆွေးနွေးခြင်း(Malaria Evaluation)ကို မေ(၁၉)ရက် နံနက် ၉ နာရီတွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေး‌ပွဲတွင် မွန်ပြည်နယ်ငှက်ဖျားတိုက် ဖျက်ရေးဌာန မှ  အဖွဲ့ ခေါင်းဆောင် ဒေါက်တာ မင်းသူ က မိုးရာသီကာလ‌တွင်ကလေးငယ်များအနေနှင့် သွေးလွန်တုတ်ကွေးဖြစ်ပွားနိုင်သလို လူကြီး လူငယ်မရွေး ငှက်ဖျားရောဂါကိုခံစားရ သည့်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ လူနေအိမ်များ ဘုန်းတော်ကြီးကျောင်းများ အများပြည်သူ ဝင်ထွက်သွားလာနေသည့် ဌာနဆိုင်ရာများတွင် (Abate) ဆေးအားသွားရောက်ဖြန့်ဖြူးပြီး ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ကိုကျင့်သုံးကြရန် အသိပညာပေးလုပ်ငန်းကိုလည်း ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခွန်မောင်အိုး ကမြို့နယ်အတွင်း (Abate)ဆေးဖြန့်ဖြူးခြင်းနှင့် ဖုံး၊သွန်၊လဲစစ်၊အသိပညာပေးလုပ်ငန်းကို ဇွန် ပထမ ပတ်မှစတင်ကာ ကျန်းမာရေးဝန်ထမ်းများ ဌာနဆိုင်ရာများ ပရဟိတ စေတနာ့ဝန်ထမ်း များနှင့်ပူးပေါင်းကာဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါ ဆန်းစစ်ဆွေးနွေးပွဲသို့ပြည်နယ်ဌက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့၊မြို့နယ်ပြည့်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးစေတနာ့ ဝန်ထမ်းစုစုပေါင်း(၆၀) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment