လေဘေးသင့်ပြည်သူများအား လေဘေးထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေဘေးသင့်ပြည်သူများအား လေဘေးထောက်ပံ့ငွေပေးအပ်



MNP - မေ   ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မေလ ၃ ရက်နေ့က တိုက်ခတ်ခဲသော လေပြင်းကြောင့် ပျဉ်ထောင်တွင်းကျေးရွာအုပ်စု ကြို့ပင်ဝိုင်းကျေးရွာမှ နေအိမ်(၃)လုံး အမိုးလန်ပျက်စီးသွားခြင်းကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် နေအိမ်ပျက်စီးသွားသော ဒေသခံပြည်သူများအား ယမန်နေ့မွန်းလွဲပိုင်းက လေးဘေးထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်းသိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် ၃ လုံးအတွက် အိမ်ဆောက်ပစ္စည်းအတွက် ထောက်ပံ့ငွေ ၁၅၀၀၀၀ ကျပ်၊ လေဘေးသင့်ပြည်သူ ၁၂ ဦးအတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ ၂၅၂၀၀ ကျပ်တို့ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ကြို့ပင်ကောက်မြို့တွင် ဧပြီလအတွင်း အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်ခြင်း မိုးရွာခြင်းနှင့် မိုးကြိုးပစ်ခံရမှုကြောင့် ဒေသခံ တစ်ဦးသေဆုံးမှုအတွက် ထောက်ပံ့ငွေ သုံးသိန်းကျပ် ထောက်ပံ့ပေးခဲ့ပြီးကြောင်း ယခု လေဘေးသင့်ဒေသခံပြည်သူများ၏ နေအိမ်များပျက်စီမှုဖြစ်ပေါ်ခြင်းမှာ ၂၀၂၂ ခုနှစ်အတွင်း ဒုတိယအကြိမ်အကြိမ်မြောက်ဖြစ်ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီး ဌာန သာယာဝတီခရိုင်ရုံးမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

သတင်း - ဇေယျာထွန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)