Pages

Pages

ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းဆောင်ရွက် မြို့နယ်ခြားမှကိုယ်ဝန်‌ ဆောင်မိခင်နှင့်ကလေးအများအပြား လာရောက်ဆေးထိုး

 



MNP - မေ    ၃၁


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မေ ၃၁ ရက်နံနက် ၈ နာရီမှစ၍ ကိုယ်ဝန်ဆောင်မိခင်၊ မွေးကင်းစကလေးနှင့် နှစ်နှစ်အောက် ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိရာ မြို့နယ်ခြားမှ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးအများအပြားလာရောက် ဆေးထိုးဆေးတိုက်ပြုလုပ်လျက်ရှိသည်။


ထိုသို့ ကာကွယ်ဆေးထိုးဆေးတိုက်  ဆောင်ရွက်ပေးရာတွင်  မွေးစမှအသက် ၂ လသားအရွယ်မှာ BCG ( ဘီစီဂျီ)အသက် ၄ လအရွယ်၊ အသက် ၆ လအရွယ်တွင် ပိုလီယိုအစက်ချ ငါးမျိုးစပ်ကာကွယ်ဆေး၊ အသက် ၉ လနှင့်အသက် တစ်နှစ်ခွဲအရွယ်ရောက်လျှင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။


ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာမည့်ရင်သွေးငယ်ကို ကာကွယ်ရန်အတွက် ကိုယ်ဝန်ဆောင်မိခင်များကို မေးခိုင်နှင့်ဆုံဆို့ နှစ်မျိုးစပ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးလျက်ရှိသည်။


“ ကာကွယ်ဆေးအကြိမ်ပြည့်ရရှိရန် မိဘ၊ အုပ်ထိန်းသူများက ကလေးငယ်များအား ကာကွယ်ဆေးထိုးစုရပ်သို့ မပျက်မကွက် ခေါ်ဆောင်လာရပါမည်ဖြစ်ကြောင်း၊ ကလေးများ၏ ကာကွယ်ဆေးထိုးနှံထားခြင်း အခြေအနေကို  မှတ်တမ်းတင်ထားသည့် ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားများကို မပျောက်ပျက်အောင် သေချာစွာ ထိန်းသိမ်းထားပြီး ကလေးကိုကာကွယ်ဆေးထိုးနှံရန် ခေါ်ဆောင်လာတိုင်း ယူဆောင် လာရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုး‌ဆေးတိုက်ရန်ခက်ခဲလျက်ရှိ‌သော  တန့်ဆည်၊ ဒီပဲယင်း၊ ခင်ဦးစသည့် အခြားမြို့ နယ်များမှ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများ များပြားလာခဲ့ကြောင်း၊ ရေဦးမြို့နယ်အပါအဝင်များမှ မိခင်နှင့်ကလေးစုစုပေါင်း ၇၀၀ ဦးခန့် ရှိတယ် ” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ကပြောသည်။


သတင်း - သန်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment