သထုံမြို့နယ်၌ ကျောင်အုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်၌ ကျောင်အုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


MNP ၊ မေ  ၁၉

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်အုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်မှစတင်ကာ သထုံမြို့၊ ‌သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးမော်က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မကြာမီကာလအတွင်း ကျောင်းများပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်‌ရာ ကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းအပ်နှံရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးဆွေးနွေးအမှာစကားပြောကြားပြီး ဦးဆောင်ဆွေးနွေးသူနည်းပြ လေးဦးတို့က အခြေခံပညာ‌ ကျောင်းအုပ်ကြီးများနှင့် ပညာရေးအရာရှိများအတွက် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာများကို ဆွေးနွေးပို့ချခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၇၉ ကျောင်းတို့မှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီး ၁၄၅ ဦးတို့ တက်ရောက်ကြလျှက်ရှိကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)