Pages

Pages

မိုင်းတုံမြို့၊ (၁၆)မိုင်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်း ဖွင့်လှစ်

 



MNP - ဧပြီ   ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ (၁၆)မိုင်းကျေးရွာ၌ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ဦးဆောင်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးနှင့်မွေးမြူရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက၊ (၁၆)မိုင်းကျေးရွာရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးကစာတက်မှ ပညာတက်တာမဟုတ်၊ အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုတက်ထား ရင်လည်း ပညာတစ်ခု တက်ရောက်ထားတာဖြစ်ပါကြောင်း အခုလိုနည်းပညာရပ်နှင့် ပတ်သက်ပြီး သင်တန်းသင်ဖွင့်လှစ်‌တဲ့ကာလလေးမှာ အတိုးချပြီး လေ့လာသင်ယူပေးကြရန် စသည်တို့ကို အကျယ်တစ်ဝန်း ရှင်းလင်းမှာကြားသည်။ ဆက်လက်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက် ကျွန်တော်တို့ဌာနအနေနဲ့ ပြည်သူ့တွေအကျိုးရှိတဲ့မွေးဝမ်း ကျောင်းအထောက်အကူပြုသင်တန်းအမျိုးအစား ပေါင်း(၁၁)မျိုးရှိပြီးဖြစ်‌ကြောင်း၊ အခုလည်း ကျေးရွာနေပြည်သူတွေ တစ်ဖက်တစ်လမ်းကနေတစ်ပိုင်းတစ်နိုင် လုပ်ကိုင်ဆောင်ရွက်တက်ပြီး ဝင်ငွေရရှိစေရန်ရည်ရွယ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်း ဖွင့်လှစ်ပေး သွားမှာဖြစ်ပါကြောင်း သင်တန်းကာလကို ၁-၅-၂၀၂၂ မှ ၂၀-၅-၂၀၂၂ ထိသင်တန်းဆရာသုံးဦးဖြင့် သင်ကြားပေးသွားမှာဖြစ်ကြောင်း‌ ပြောကြားပြီးနောက် ပျိုးပင်များဖြန့်ဝေခြင်းနှင့် စိုက်ပျိုးရေးနှင့်‌မွေးမြူရေးနည်းလမ်း လက်ကမ်းစာစောင်များကို သင်တန်းသူ/သားများကိုဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

သတင်း - ဝင်းဝင်းခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment