Pages

Pages

မောင်တောမြို့နယ်တွင် သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများသို့ သောက်ရေသန့်များ သွားရောက်လှူဒါန်း






MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝေးလံခေါင်ဖျားသော ဒေသများတွင် သောက်သုံးရေ ရှားပါးမှု များကြောင့်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဆောင်မှုဖြင့်  ယမန်နေ့ နံနက်ပိုင်းက သောက်သုံးရေများ သွားရောက် လှူဒါန်း ခဲ့ကြ ကြောင်းသိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင် ဦးဆောင်မှုဖြင့်  မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ကေသွယ်ခိုင် နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်ကြက်ခြေနီ အသင်း(ခွဲ)မှ မြို့နယ် တပ်ဖွဲ့မှူး ဦးမောင်ဝင်းနိုင် နှင့် တပ်ဖွဲ့ဝင်များက ဝေးလံခေါင်ဖျား သော သက်ကိုင်ညာကျေးရွာ၊ ရေနောက် ငါးသားကျေးရွာ၊  မင်္ဂလာညွန့် ကျေးရွာ၊ တမန်းသား ကျေးရွာတို့တွင် သောက် သုံး ရေ ရှားပါးလျက်ရှိသဖြင့် (၂၀) လီတာဆန့် ရေသန့်ဗူးကြီး ၃၀၀ ဗူးအား  သွားရောက် လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။ အဆိုပါ သက်ကိုင်ညာ ကျေးရွာ တွင် အိမ်ထောင်စု  ၃၄ စု လူဦးရေ ၂၂၈ ဦး ၊ ရေနောက် ငါးသားကျေးရွာတွင် အိမ်ထောင်စု  ၆၄ စု လူဦးရေ ၄၁၄ ဦး ၊  မင်္ဂလာညွန့် ကျေးရွာတွင်  အိမ်ထောင်စု ၈၆ စု  လူဦးရေ  ၄၄၂ ဦး ၊ တမန်းသား ကျေးရွာ တွင် အိမ်ထောင်စု ၄၄ စု လူဦးရေ ၁၇၅ ဦးရှိနေထိုင်လျက်ရှိကြောင်းသိရသည်။   


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment