ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 


MNP - မေ   ၂၁


ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် အခြား ရောဂါများမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ NGO အဖွဲ့များမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ယမန်နေ့ နံနက် ၈ နာရီက  ဌာနဆိုင်ရာရုံးများ သွားရောက်ကာ အဘိတ်ဆေး များခပ်ပေးခြင်း၊ ကျန်းမာရေး အသိပညာပေး ခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားများ အရန်သားဖွားဆရာမများ၊ ကျန်းမာရေးလုပ်သားများ၊ INGOs ဝန်ထမ်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကရုဏာကွန်ယက်အဖွဲ့နှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဌာနဆိုင်ရာရုံးများအား သွားရောက်ကာ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ မလှဲမသွန်နိုင်သော နေရာများကို အဘိတ်ဆေးများခပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ပွား နိုင်သော ရေ လှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးများ ခပ်ပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးနှိမ်နင်းရေး လုပ်ငန်းများအား ဆက်လက်ကွင်း ဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)