Pages

Pages

မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား ဒသမအသုတ် (ဒုတိယ)အကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပေး






MNP ၊ မေ  ၂၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား ဒသမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့  နံနက်ပိုင်းက  သတ်မှတ် နေရာ များတွင်  ထိုးနှံ ပေးလျက် ရှိ ကြောင်း သိရသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးတည် အုပ်စုတွင် ပါဝင်သည့် သူများ အား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များ နှင့် တာဝန်ရှိသူများက ကူညီ ဆောင် ရွက်ပေး လျှက်ရှိ သည်။ 

အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား ဒသမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်း က   အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၁၅၀ ဦး ၊ မှီခိုသူ ၁၃၁ ဦး စုစုပေါင်း ၂၈၁ ဦးအား ထိုးနှံပေးခဲ့ပြီး မေ ၂၈ ရက်နေ့ထိ  ဒသမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၉၂၆ ဦးအား ကျန်းမာ ရေးဝန်ကြီး ဌာန၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ကျန်ရှိသူများ ကို လည်း ဆက်လက်ထိုးနှံ ပေး မည် ဖြစ်ကြောင်း သိရ သည်။ 


သတင်း - အောင်ကျော်စိန် ၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment