Pages

Pages

ရွှေတောင်မြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ



MNP - မေ   ၃၀


၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများကို နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉:၃၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က (ရွှေတောင်ရတနာခန်းမ)တွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်ခိုင်စိုးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူးဆရာကြီး ဦးအောင်နိုင်ဝင်းက ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံနှင်ဘောပင်များကို  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများမှပေးအပ်ရာ အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လက်ခံခဲ့ကြကြောင်းသိရသည်။


သတင်း - ကိုကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment