Pages

Pages

မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် မေ ၂၇ ရက်ထိ ကျောင်းသား၊ ကျောင်းသူလာရောက် အပ်နှံသူ (၁၇၈၀၀)ထိရှိ


MNP - မေ  ၂၈


“ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံအဝှမ်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ စတင်ကာ ဇွန် ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ်သတ်မှတ်ခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများ ကျောင်းအပ် လက်ခံခြင်းများကို ယနေ့ နံနက် ၉ နာရီမှညနေ ၃ နာရီထိ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကျောင်းအပ်လက်ခံရာတွင် အသက် ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)၊ အသက် ၆ နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံနိုင်ပြီး မူလတန်း၊ အထက်တန်း၊ အလယ်တန်းများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဌာန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း( ၇) ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (၄) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၈) ကျောင်း၊  အခြေခံပညာ မူလတန်းကျောင်း (၄၄) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၀) ကျောင်း၊    ကိုယ်ပိုင်ကျောင်း (၁၁) ကျောင်း  စုစုပေါင်း (၈၄) ကျောင်းတို့၌ မေ ၂၇ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၇၈၀၀) ထိလာရောက်အပ်နှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


အခြေခံပညာကျောင်းများတွင်  ကျောင်းအပ်နှံ ဆောင်ရွက်မှုများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကပ်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လာရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - လှလှထွေး 


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment