တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်





MNP ၊ မေ ၁၄

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကန်းရိုးတန်းဒေသများမှ ဒေသခံပြည်သူ များကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် မေ ၁၃ ရက် ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် သို့ရောက်ရှိကြရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူး၊ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာရှိစစ်သည် မိသားစုများက ကြိုဆိုနှုတ်ဆက်ဆက်ကြသည်။

အဆိုပါ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမ၌ အခြေပြု၍ ဒေသခံပြည်သူ အမျိုးသား ၃၇၆ ဦး၊ အမျိုးသမီး ၄၃၈ ဦး၊ စုစုပေါင်း ၈၁၄ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၅၅ ဦး၊ ခွဲစိတ်ရောဂါ ၈၅ ဦး၊ ကလေးရောဂါ ၆၄ ဦး၊ သားဖွားမီးယပ်ရောဂါ ၈၃ ဦး၊ အရိုးရောဂါ ၈၃ ဦး ၊ နား/နှာခေါင်း/ လည်ချောင်း ရောဂါ ၈၇ ဦး၊ မျက်စိရောဂါ ၇၆ ဦးနှင့် သွားရောဂါ ၈၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။

ထို့ပြင် ခွဲစိတ်ကုသရန်လိုအပ်သူ မျက်စိခွဲစိတ်လူနာ ၁၃ ဦး ၊ သွားခွဲစိတ် လူနာ ၈၇ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၂၁ ဦးကို ခွဲစိတ်ကုသမှုများ ဆောင်ရွက် ဓာတ်မှန်ရိုက်လူနာ ၅၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၇ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၂၀၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၁၃ ဦးကို ဆေးရုံ ရေယာဉ်ပေါ်တွင် ဆေးရုံတင်ကုသပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)