ပျော်ဘွယ်မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျော်ဘွယ်မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ




MNP - မေ   ၃၀


၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပျော်ဘွယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)မှ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် အခမ်း အနားဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလွင်၊ ရမည်းသင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ မြို့နယ်ပညာရေးမှူး ဦးလှထွန်းတို့က ကျောင်းအပ်နှံရေးဆိုင်ရာများနှင့်ပညာရေးဆိုင်ရာများ၊ နိုင်ငံတော်မှသင်ကြားရေးဆိုင်ရာအထောက်အကူပစ္စည်းများအား အခမဲ့ထောက်ပံ့ ပေးခဲ့မှုဆိုင်ရာများကိုရှင်းလင်းဆွေးနွေးကြသည်။


ဆက်လက်၍ နိုင်ငံတော်မှအခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ်စာအုပ်(၄၄၅၈၁)စုံအား အမှတ် (၆၀၀၁) တင့်ကားတပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးရန်နိုင်ဦးက လည်းကောင်း၊ ဗလာစာအုပ် (၄၅၇၆၃)ဒါဇင်အား ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဝင် ဦးစံထွန်းက လည်းကောင်း၊ ငွေကျပ်သိန်း (၇၀၀)တန်ဖိုးရှိ မူလတန်းအဆင့်ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က လည်းကောင်း၊ ငွေကျပ်(၁၃၃)သိန်းကျော် တန်ဖိုးရှိခဲတံများကို ရမည်းသင်းခရိုင် ပညာရေးမှူး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်းတို့က ဆက်လက်ပေးအပ်ရာ သက်ဆိုင်ရာ ဆရာ၊ ဆရာမများက လက်ခံရယူကြသည်။


ပျော်ဘွယ်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၂၄၁) ကျောင်းရှိပြီးယနေ့အချိန်ထိ ကျောင်းအပ်နှံခြင်းလက်ခံပြီးစီးမှုမှာ (၄၁၀၀၀)ဦးကျော်ခန့်ရှိပြီဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - မင်းမင်းထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)