Pages

Pages

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့)ကွန်ပျူတာသင်တန်း၌ သဖန်းကိုင်း ဆရာတော်မှ အနီးကပ်ကြီးကြပ်သင်ကြား





MNP - မေ   ၁၉


ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့) ကွန်ပျူတာသင်တန်း ၂၈ ရက်နေ့အဖြစ် မေလ ၁၈ရက်နေ့တွင် သဖန်းကိုင်းပရဟိတ ဆရာတော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမ၌ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။


အဆိုပါသင်တန်းကို သဖန်းကိုင်းပရဟိတဆရာတော် သမ္ဓမ္မဇောတိကဓဇ ဒေါက်တာပညာ လင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့်ဖွင့်လှစ်ခဲ့ပြီး ဆရာတော်၏ကြီးကြပ်မှု၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၁၁ ဦးတို့ဖြင့် သင်ကြားပေးခဲ့ရာ တက်ရောက်လာသော သင်တန်းသူ၊ သင်တန်းသားများကလည်း စိတ်ပါဝင်စားစွာသင်ယူခဲ့ကြကြောင်း၊ သင်တန်း ၁၅ ရက်မြောက်နေ့တွင် ဆန်းစစ်ချက်စာမေးပွဲဖြေဆိုခဲ့ပြီး ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။


သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၀၀)ဦး တက်ရောက်ခဲ့ပြီး ၂၁-၄-၂၀၂၂ မှ ၂၁- ၆ -၂၀၂၂ ရက်နေ့အထိ (၂) လတာ ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်ဝေးမှလာရောက်သည့် သင်တန်းသား၊ သင်တန်းသူများအား နေရေးထိုင်ရေး၊ စားသောက်ရေးကိစ္စများကိုပါ စီစဉ်ဆောင်ရွက်ထားရှိပေးထားကြောင်း သဖန်းကိုင်း ပရဟိတဆရာတော်ထံမှသိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment