ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)မောင်မယ်သစ်လွင် အခမ်း အနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)မောင်မယ်သစ်လွင် အခမ်း အနားကျင်းပ







MNP ၊ မေ ၁၂

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ၊၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများ၊ ၂၀၂၁-၂၀၂၀ ပညာသင်နှစ် ပဉ္စမနှစ်သင်တန်းများ၏ ပထမနှစ်ဝက်သင်တန်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းများကို ယနေ့ နံနက်ပိုင်း မှစ၍  စတင်ဖွင့်လှစ်သင်ကြားပို့ချပါသည်။

ထိုသို့ ဖွင့်လှစ်ရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းသို့ စတင်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်နေ့အခမ်းအနားကို ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ စုဝေးခန်းမတွင် ကျင်းပရာ ဒုတိယပါမောက္ခချုပ်ဒေါက်တာဇော်ထွန်း  က ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဘာသာရပ်အသီးသီးမှ ဌာနမှူးများက ဘာသာရပ်အလိုက် မိတ်ဆက်စကား ပြောကြားပြီး ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများနှင့် မိတ်ဆက်ပေးကြပါသည်။

ထို့နောက် မောင်မယ်သစ်လွင်များအား Campus Tour အဖြစ် စာကြည့်တိုက်၊ ဘာသာရပ်ဌာနများ၊ Languages Lab၊ FCST Lab၊ Physics Lab နှင့် ကွန်ပျူတာခန်းများအား လှည့်လည်ပြသပြီး ဘာသာရပ်အလိုက် ဆောင်ရွက်ချက်များ၊ Project များအား ပြသခဲ့ပါသည်။

ထို့နောက် Lobby တွင် ကျောင်းသား၊ ကျောင်းသူများ၏ Project များ၊ တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် ပြပွဲပြိုင်ပွဲများ၊ အခမ်းအနားများ ကို ခင်းကျင်းပြသထားမှုကို ကြည့်ရှုလေ့လာကာ လက်ဖက်ရည်ဝိုင်းဖြင့် ရင်းရင်းနှီးနှီးနွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သတင်းရ ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)