Pages

Pages

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

 


MNP - မေ   ၁၉


ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ပင်မဆောင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ ခင်သီတာက အဖွင့်အမှာစကားပြောကြားခဲ့ကာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာသန္တာနှင့် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ သက်သက်ထွန်းတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားများ အသီးသီးပြောကြားခဲ့ကြပြီး ဌာနအသီးသီးမှ ပါမောက္ခများနှင့် တွဲဖက်ပါမောက္ခများက ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြသည်။


ထို့နောက် ဌာနမှူး(သင်တန်းရေးရာ)နှင့် ဌာနမှူး(စီမံ/ဘဏ္ဍာ)တို့မှဆရာကြီး၊ ဆရာမကြီးတို့က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ကြကာ အနောက်ပိုင်းတက္ကသိုလ်ရှိ အရာထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား မိတ်ဆက်ပေးခြင်း အစီအစဉ်ကို စတင်ခဲ့ကြသည်။


မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ရှိ ဌာနအသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၈၇)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


သတင်း - ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment