Pages

Pages

မြေပုံမြို့၌ အသက်(၈၅)နှင့် အထက် ဘိုး/ဘွားများအား သက်ကြီးပူဇော်ပွဲကျင်းပ










MNP ၊ မေ ၁

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့၌ အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား “အဘိအာယုပါလ” သက်ကြီးပူးဇော်ပွဲကို ဧပြီလ ၃၀ရက်နေ့ ညနေ(၆)နာရီခွဲအချိန်က တရုတ်တန်းရပ်ကွက် ရှိ မြို့မဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သက်ကြီးပူဇော်ပွဲတွင် စစ်တွေမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီနှင့် မြေပုံမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေး(ယာယီ)ကော်မတီတို့ကပူးပေါင်းကျင်းပခဲ့ရာ “အဘိအာယု ပါလ” ပူဇာဟုခေါ်ဆိုသော သက်ကြီးပူဇော်ပွဲကို ရခိုင်မင်္ဂလာစည်တော်တီးခတ်၍ဖွင့်လှစ်ပြီး စစ်တွေမြို့လုံး ကျွတ် သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ စာရင်းစစ်မှူး ဦးစံညွန့်က ဩဘာဧကပိုဒ်ရတုဖြင့် ဂုဏ်ပြု သီဆိုဖွင့်လှစ်ခဲ့သည်။

ထို့နောက် စစ်တွေမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးစံသာမောင်မှ သက်ကြီးပူဇော်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ မြေပုံမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲ ကျင်းပရေး(ယာယီ)ကော်မတီ နာယက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးခိုင်လင်းနိုင်က မုဒိတာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးခိုင်လင်းနိုင်ဦးဆောင်၍  ဦးစံသာမောင် ၊ ဦးကျော်သန်းမြင့်တို့က သက်ကြီးဘိုး/ဘွားများ အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေးခဲ့ကြပြီး တက်ရောက် လာသူများနှင့်အတူ သက်ကြီးဘိုး/ဘွားများ ပူဇော်ကန်တော့ခဲ့ကြရာ အသက်(၈၅)နှစ်အထက် ဘိုး/ဘွား(၇၀) ဦးအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျင် ငွေကျပ်(၁၀၀၀၀)နှုန်းဖြင့်လည်းကောင်း ၊ စစ်တွေမြို့လုံး ကျွတ်သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီမှ တစ်ဦးလျင် ငွေကျပ်(၂၀၀၀၀)နှင့်ဝတ္ထုပစ္စည်းများဖြင့် လည်းကောင်း ၊ မြေပုံမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေး(ယာယီ)ကော်မတီ တစ်ဦးလျင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့်လည်းကောင်း ၊ စေတနာရှင်အလှူရှင်တို့ကကိုယ်တိုင်လှူဒါန်းငွေတို့ကိုအသီးသီးပေးအပ် လှူဒါန်းခဲ့ကြရာ သက်ကြီးဘိုး/ဘွားများကိုယ်စား အဘိုးဦးသာမောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စစ်တွေမြို့လုံး ကျွတ်သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ၏ ယဉ်ကျေးမှူဆပ်ကော်မတီမှ ရခိုင်ရိုးရာ အကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြောင်းသိရသည်။


သငတ်း - တင်ဝင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment