Pages

Pages

(၂၀၂၂- ၂၀၂၃) ပညာသင်နှစ် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့်ဖွင့်လှစ်





MNP - မေ   ၁၉


မွန်ပြည်နယ် မုဒုံမြို့နယ်၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့် မားရေး (မြို့နယ်အဆင့်) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ပြုလုပ်သည်။


အဆိုပါဆွေးနွေးပွဲတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် မကြာမီကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆရာ၊ ဆရာမများအားလုံး ပြင်ဆင်ဆောင်ရွက်လျက် သင်တန်းများကို အလေးထား တက်ရောက်နေကြသည်ကို သိရှိရသည့်အတွက် အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်းနှင့် ပြောင်းလဲလာသော စနစ်သစ်ပညာရေးစနစ်၌ သင်ကြားမှု အရည်အသွေးများ တိုးတက်ကောင်းမွန်စေရန် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးနေကြောင်း၊ သင်ကြားမှု၊ သင်ယူမှု စွမ်းရည်၊ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေးသည် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးကြောင်းပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းအောင်မြင့်က ဆရာကြီး၊ ဆရာမကြီး များအား အုပ်ချုပ်မှုပိုင်းဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက  အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆွေးနွေးရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါ စီမံခန့်ခွဲမှု စွမ်းဆောင် ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ ထက်/လယ်/မူ၊ ဘုန်တော်ကြီးသင်စာသင်ကျောင်းနှင့် ကိုယ်ပိုင်စာသင်ကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း (၁၀၈)ဦး တက်ရောက်ကြကြောင်းသိရသည်။


သတင်း - အောင်မျိုးသူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment