သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်



MNP - မေ   ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်အတွင်း၌ မိုးရာသီတွင် အများဆုံးဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမရှိစေရေးအတွက် ပိုးလောက်လန်းသေဆေး (Abate) ဆေးခတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ကျေးအဖွဲ့ဝင်များပူးပေါင်းကာ  ရပ်ကွက်နေပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၏ သောက်သုံးရေသိုလှောင်သည့် အုတ်ကန်၊ ရေတိုင်ကီများအတွင်း ခြင်ကျားပေါက်ပွားရာနေရာ မရှိစေရန် အဘိတ်ဆေးခတ်ပေးခြင်းနှင့်ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ကျန်ရှိသော ရပ်ကွက်/ကျေးရွာများတွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယခုကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)