Pages

Pages

ကျောက်ဖြူမြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ








MNP ၊  မေ ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချသည်။ 


အခမ်းအနားတွင် ကျောက်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းကိုဆက်လက်ပို့ချရာ သင်တန်းနည်းပြ ဆရာ (၄)ဦးတို့က ကျောက်ဖြူမြို့နယ်အတွင်းရှိ  အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများမှ  ကျောင်းအုပ်ဆရာကြီ၊ဆရာမကြီး (၁၇၁) ဦးတို့အား ပညာရေးစီမံခန့်ခွဲမှုဘာသာရပ်၊ ဘဏ္ဍာရေးရာဘာသာရပ်နှင့် ပညာရေးရာဘာသာရပ် စသည့်ဘာသာရပ်များအား စာတွေ့၊လက်တွေ့ ပို့ချပေးလျက်ရှိသည်။ 


အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ် ဆင့်ပွားသင်တန်းကို မေလ ၂၉ ရက်နေ့မှ  ၃၀ ရက်နေ့အထိ (၂)ရက်ကြာ ပို့ချပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment