Pages

Pages

မြို့သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးစုပေါင်းဆောင်ရွက်







MNP ၊  မေ  ၂၁

ရခိုင်ပြည်နယ်၊  ရမ်းဗြဲမြို့၌  သန့်ရှင်းသာယာလှပရေးအတွက်  သန့်ရှင်းရေးစုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ရမ်းဗြဲမြို့ ၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့အဝင်လမ်းဘေးနှင့် ခြေရာတော်ပြင်ဘုရားနှင့်ဘုရားကုန်းတော်ပေါ်တို့တွင် စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

သန့်ရှင်းရေးစုပေါင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တပ်မ‌တော်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များတို့က စုစုပေါင်း အင်အား(၉၀)တို့မှ မြို့သန့်ရှင်းသာယာလှပရေး အတွက်စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပူးပေါင်းအဖွဲ့တို့သည် မြို့အဝင်လမ်းဘေးနှင့် ခြေရာတော်ပြင်ဘုရားကုန်းတော်ပေါ်တို့တွင် အမှိုက်များ၊ စွန့်ပြစ်ပလပ်စတစ်များကိုကောက်ခြင်း ခြုံ ၊ နွယ်၊ မြက် စသည်တို့တို  ခုတ်ထွင်ရှင်းလင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး မြို့သန့်ရှင်းသာယာလှပရေးအတွက် အပါတ်စဉ် စနေနေ့တိုင်း စုပေါင်းဆောင်ရွက်သွားကြရန်စီစဉ်ထားရှိကြောင်းသိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment