Pages

Pages

အုတ်တွင်းမြို့နယ်၌ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူ

 


MNP - မေ   ၁၉


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲ အချိန်က မြို့တွင်းလမ်းဆုံ ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့် ဘုရားအနီး မီးပွိုင့်နေရာတွင် ကျောင်းနေအရွယ်ကလေး အားလုံးပညာ သင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသောမြေစိုက်ပိုစတာ ဆိုင်းဘုတ်အား  စိုက်ထူခဲ့ကြကြောင်းသိရသည်။


အဆိုပါကျောင်းအပ်နှံရေး မြေစိုက်ပိုစတာဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးမြင့်ဇော်၊အဖွဲ့ဝင်(၂)ဦး တင်ယုနှင့်  မြို့ နယ်ပညာရေးမှူး ဒေါ်မာလာမြင့်တို့က အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။


ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။


သတင်း - ခင်ခင်မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment