Pages

Pages

ပိုင်ကျုံမြို့က စိုကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး



MNP - မေ   ၃၁


ကရင်ပြည်နယ်၊ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ထိုးနှံ‌ပေးလျက်ရှိကြောင်း   သိရသည်။


ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှ စတင်ထိုးနှံ‌ပေးလျက်ရှိပြီး ‌မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများ ကာကွယ်ဆေးရာနှုန်ပြည့်ထိုးနှံနိုင် ရေးအတွက် မြို့နှင့်အလှမ်ဝေးသောကျေးရွာအုပ်စုများ၊ သွားလာရန်ခက်ခဲသောကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့်မိဘပြည် သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်‌ ဇန်နဝါရီလ ၂၀ ရက် နေ့မှစ၍ ကျေးရွာများအရောက်ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ မေလ ၁၃ရက်‌နေ့အထိ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း (၁၇၅၅၇)ဦးရှိပြီးဖြစ် ကြောင်း၊မေလ ၃၀ ရက်နေ့တွင် ကစိုကျေးရွာ၌ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ Booster Dose(၁၄၀)ဦး၊ (၁၈)နှစ် အောက်ဒုတိယအကြိမ်(၁၇၃)ဦး၊  (၁၈)နှစ်အထက် ပထမအကြိမ် (၂၀)ဦးနှင့် (၁၈)နှစ်အောက် ပထမအကြိမ် (၁၀)ဦး စုစုပေါင်း (၃၄၃)ဦး ထိုးနှံပေးနိုင်ခဲ့ ကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာအုပ်စုအတွင်းရှိ တာဝန်ရှိသူများတို့ကပူးပေါင်း၍  ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများအား အအဆင်‌ပြေလွယ်ကူစေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment