ညောင်လေးပင်မြို့နယ် သန့်ရှင်းသာယာ‌လှပရေးအတွက် အမှိုက်‌ကောက်ခြင်းနှင့်သန့်ရှင်း‌ရေး ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ် သန့်ရှင်းသာယာ‌လှပရေးအတွက် အမှိုက်‌ကောက်ခြင်းနှင့်သန့်ရှင်း‌ရေး ပြုလုပ်ဆောင်ရွက်

 





MNP - မေ   ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် (အပတ်စဉ်စနေနေ့)တိုင်း အမှိုက်ကောက်ခြင်းနှင့် သန့်ရှင်း‌ရေးပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်၌ မြို့နယ်အတွင်းရှိဌာနဆိုင်ရာ ရုံးပတ်ဝန်ကျင်နှင့်ရေမြောင်းများအား သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်‌ရေးပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ Ngo အဖွဲ့အစည်းများ ၊ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများနှင့်‌ ဒေသခံပြည်သူများက မြို့သန့်ရှင်း သာယာလှပစေရေးအတွက် အမှိုက်များ၊ သစ်ကိုင်းသစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာရှိ လမ်းနှင့်မလွတ်ကင်းသည့် သစ်ကိုင်းသစ်ပင်များအားခုတ်ထွင်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်စနေနေ့တိုင်း ရပ်ကွက်များအတွင်းရှိ လမ်းများတွင် အလှည့်ကျဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)