MNP ၊ မေ ၁၄
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ၌ကဆုန်လပြည့်(ဗုဒ္ဓနေ့) ယနေ့နံနက်ပိုင်းတွင်ဂန္ဓဗ္ဗမြေနီတောင်ပေါ်ရှိမဟာဗောဓိညောင်ပင်အားညောင်ရေသွန်းလောင်းပူဇော်ခြင်းနှင့်ညနေ၅နာရီတွင်မြို့ပေါ်ရပ်ကွက်ရှိ ဓာတ်တော်စေတီတော်နှင့်ရန်အောင်မြင်စေတီတော်ဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်များအား မြန်မာ့ဓလေ့ ရိုးရာအစဉ်အလာများနှင့်အညီ ရိုးရာမပျက်ညောင်ရေသွန်းလောင်း ပူဇော်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ရာတွင်မိမိအစီအစဉ်ဖြင့်လည်းကောင်း၊မိသားစု၊အပေါင်းအသင်း၊အဖွဲ့လိုက်လည်းကောင်း ပူဇော်ကြရာ မြို့နယ်ရဲတပ်ဖွဲ့ဝင်မိသားစု ဓမ္မစကြာရွတ်ဖတ်အဖွဲ့က ရန်အောင်မြင်စေတီတော်ဝင်းအတွင်းရှိမဟာဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - သိန်းဖေ
https://t.me/MyanmarNationalPost






No comments:
Post a Comment