Pages

Pages

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ကျောက်ဖြူမြို့ သူနာပြုနှင့်သားဖွားသင်တန်း ကျောင်းတည်ဆောက်နေမှုနှင့် လေဆိပ်အဆောက်အဦအကြီးစားပြင်ဆင်မွမ်းမံရန် စီစဉ်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု








MNP ၊  မေ ၁၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦး စံရွှေမောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦး ကျော်သူဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများသည် မေလ ၁၁ ရက်နေ့ နံနက်ပိုင်း က ကျောက်ဖြူမြို့ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတည်ဆောက်နေမှုနှင့် လေဆိပ်အဆောက် အဦအကြီးစားပြင်ဆင်မွမ်းမံရန် စီစဉ်ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ 


ထိုသို့ ကြည့်ရှုရာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပြည်နယ်ကုသရေးဦးစီး ဌာနမှူး ဒေါက်တာကြည်လွင်နှင့် မင်းသန့်ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာတို့က သူနာပြုသားဖွား သင်တန်းကျောင်းပင်မဆောင်နှင့် အဆောက်အဦတည်ဆောက်နေမှုများ၊ သင်တန်းကျောင်းအဝင်လမ်း နှင့် လမ်းမြေနေရာအခြေနေများအား ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လမ်းအကျယ်အဝန်းနှင့် မြေနေရာများလုံလောက်မှုရှိစေရေး၊ အဆောက်အဦများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ သင်တန်းများအမြန်ဆုံးဖွင့်လှစ်နိုင်ရေးတို့အား လမ်းညွှန်မှာကြားပြီး အဆောက်အဦ တည်ဆောက်နေမှု များအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။  


ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောက်ဖြူမြို့တစ်ပတ်လှည့်လည် ကြည့်ရှုပြီး ကျောက်ဖြူလေဆိပ်သို့သွားရောက်ကာ လေဆိပ်အဆောက်အဦအကြီးစားပြင်ဆင်မွမ်းမံရန်  စီစဉ်ဆောင်ရွက်ထားရှိမှုများ၊  တိုးချဲ့ဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား လေယာဉ်ကွင်းတာဝန်ခံ ဦးညီညီအောင်က ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးတို့မှ လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။ 


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment