MNP ၊ မေ ၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန ရုံး တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်က (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ် နှင့် မီးဘေး အန္တရာယ် နှင့် အခြားသော ဘေးအန္တရာယ်အမျိုးမျိုးကနေ ကာကွယ်စောင့်ရှောက်မှုများ ပေးခဲ့ကြောင်း ၊ မီး သတ် တပ်ဖွဲ့ဝင်များသည် ရည်မှန်းချက် တာဝန်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၊ မီးသတ် သမား ကောင်း တစ်ယောက်ရှိရမယ့် ခိုင်မာတည်ကြည် ရဲဝံ့စွန့်စားတဲ့ စိတ်ဓာတ် ၊ အတွေ့အကြုံ ရင့်ကျက်ပြီး နည်းပညာ ပြည့်ဝမှုရှိစေဖို့ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အဆင့် မီးသတ် ကျင့် ဝတ်ပြိုင်ပွဲ ၊ နေအိမ်လိုင်းခန်း သန့်ရှင်းသာယာလှပစေရေး ဆုရရှိသူများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများ က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ပြီး မီးသတ်တပ်ဖွဲ့လုပ်ငန်းများအား ပြည်သူ လူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အချိန်နှင့်တစ်ပြေးညီ သတင်းများအား ရေးသားထုတ်ပြန်ပေးလျက် ရှိသည့် မောင်တော ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာနမှ ဦးသက်လွင်စိုးအား ခရိုင်မီးသတ်ဦးစီးမှူးမှ ဂုဏ်ပြု လက် ဆောင် ပေး အပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့်အဖွဲ့ဝင်များ၊ ခရိုင်မီး သတ် ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းရွှေခိုင်၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်မီးသတ် စခန်းများရှိ အရာရှိများ ၊ တပ်ဖွဲ့ဝင်များ ၊ မိသား စုဝင်များ တက်ရောက် ခဲ့ကြကြောင်းသိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost









No comments:
Post a Comment