Pages

Pages

စားသုံးဆီဖူလုံရေးအတွက် မြေပဲကို ဆောင်းသီနှံအဖြစ် စိုက်ပျိုးမည်ဆိုပါက အပိုဝင်ငွေရမည့်အပြင် ကျန်းမာရေးနှင့်ညီညွတ်သည့် ပဲဆီစစ်ကို စားသုံးနိုင်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ပြောကြား

 








MNP ၊ မေလ ၁၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် ဒေသစားသုံးဆီဖူလုံရေးအတွက် ကျောက်ဖြူခရိုင်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များ၊ MSMEs လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာရှိ အစည်းအဝေး ခန်းမ၌ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်ကပြောကြားရာ တွင်  မြန်မာနိုင်ငံအတွင်း စားအုန်းဆီများသုံးစွဲမှုလျော့ချပြီး မြေပဲဆီစစ်များ ပိုမိုထုတ်လုပ်ခြင်းအား ဖြင့် ကျန်းမာရေးနှင့်လျော်ညီသည့် မြေပဲဆီများ ပိုမိုစားသုံးနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများပြား လာမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီများအား ပြည်ပမှတင်သွင်းမှုလျော့ချ၍ နိုင်ငံခြားငွေသုံးစွဲမှုလျော့ချ နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ယင်းနောက် စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဦးကျော်ကျော်ညွှန့်က မိမိတို့ဌာနအနေ ဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းငန်းရှင်များ၏ လိုအပ်ချက်များအား ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် မြေပဲကို ဆောင်းသီနှံအဖြစ် စိုက်ပျိုးမည်ဆိုပါက အပိုဝင်ငွေရမည့်အပြင် ကျန်းမာရေးနှင့်ညီညွှတ်သည့် ပဲဆီစစ်ကို စားသုံးနိုင်မည် ဖြစ်ပါကြောင်း၊ လူတစ်ဦး တစ်နှစ် ဆီစားနှုန်း (၆)ပိသာစားသုံးလျက်ရှိပါကြောင်း၊သံတွဲမြို့နှင့် ပုဏ္ဏားကျွန်း တို့မှ ဆီစက်များမှရရှိသည့် စားသုံးဆီပမာဏ မလုံလောက်သဖြင့် ဆီစက်များအား တစ်နှစ်ပတ်လုံး လည်ပတ်ခြင်းအားဖြင့် ဒေသတွင်းလိုအပ်ချက်စားသုံးဆီလုံလောက်အောင် ထုတ်လုပ်သွားနိုင်ရေး ဆွေးနွေး ပြောကြားခဲ့ပါသည်။

ထိုနောက် ဆီစက်လုပ်ငန်းရှင်များနှင့် MSMEs လုပ်ငန်းရှင်များမှ လိုအပ်သည့် နည်းပညာ၊ အခက်အခဲ၊ စက်ပစ္စည်းများ၊ အရင်းအနှီးများတင်ပြဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးက ဆွေးနွေး ချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး  ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ 

အဆိုပါ တွေ့ဆုံပွဲသို့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး၊ ခရိုင်/မြို့နယ်ဝန်ထမ်းများနှင့် လုပ်ငန်းရှင် (၃၅)ဦး၊ စုစုပေါင်း(၅၀)ဦးတက်ရောက် ကြောင်းသိရသည်။


သတင်း၊ဓာတ်ပုံ - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment