Pages

Pages

မြောက်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအား မိုးစပါးချေး ငွေများ စတင်ထုတ်ချေးပေးလျှက်ရှိ




MNP ၊ မေ ၃၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နေ့လယ် ၂ နာရီအချိန်က စတင်ထုတ်ချေးပေးလျှက် ရှိရာ တောင်ရပ်အုပ်မှတောင်သူများအတွက် မိုးစပါးချေးငွေကို ညောင်ပင်ဈေးရပ်ကွက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်(ခွဲ) မှ ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ချေးငွေများထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာမှထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ ထုတ်ချေးပေးလျှက်ရှိပြီး မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် မိုးစပါးတစ်ဧကလျှင် ချေးငွေကျပ် တစ်သိန်းငါးသောင်း နှုန်းဖြင့်  ထုတ်ချေးလျှက်ရှိပြီး ယနေ့တွင် တောင်ရပ်အုပ်စု လူဦးရေ ၁၈ ဦးတို့အတွက် ချေးငွေ ကျပ်၂၄၃ သိန်းအားထုတ်ချေးပေးခဲ့ကြောင်း ခရိုင်ဘဏ်မန်နေဂျာ ဦးထွန်းအောင်ထံမှ သိရသည်။


သတင်း - မြင့်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment