မအီမြို့တွင် တရားမဝင် ခိုးဝင် ဘင်္ဂါလီ(၂)ဦး ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် တရားမဝင် ခိုးဝင် ဘင်္ဂါလီ(၂)ဦး ဖမ်းဆီးရမိ


MNP ၊  မေ  ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် တရားမဝင်ခိုးဝင်ဘင်္ဂါလီ(၂)ဦးကို ယမန်နေ့ကဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ မအီမြို့၊ လက်ပံကျေးရွာအုပ်စု၊ လက်ပံကျေးရွာအရှေ့ဘက်ရွာထိပ်တွင် တရားမဝင်ခိုးဝင်ဘင်္ဂါလီဟုယူဆရသူ(၂)ဦးကိုတွေ့ရှိရ၍ ထိုသူ(၂)ဦးကိုမေးမြန်းရာ မြန်မာစကားမပြောတတ်သဖြင့် လက်ပံကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းတင်မှ မအီနယ်မြေရဲစခန်းသို့ ယမန်နေ့နံနက်ပိုင်ကအပ်နှံခဲ့ကြောင်းသိရသည်။ ဖော်ပြပါ အထောက်အထားမဲ့ခိုးဝင်ဘင်္ဂါလီနှစ်ဦးမှာ--

(က) အဏ္ဏဝါကား အသက်(၂၂)နှစ်၊ (ဘ) ဦးမကား၊ ဘင်္ဂါလီ/အစ္စလာမ်၊ ကျဘမ်းလုပ်ကိုင်သူနှင့်

(ခ) မာမွတ်ဂျူနိုင် အသက်(၂၂)နှစ်၊ (ဘ)ဦးမာတာယု၊ ဘင်္ဂါလီ/အစ္စလာမ်၊ ကျဘမ်းလုပ်ကိုင်သူတို့ဖြစ်သည်။ 

အဆိုပါ ခိုးဝင်ဘင်္ဂါလီ(၂)ဦးမှာ ကျောက်တော်မြို့နယ်၊ ဝါလာကိမ်ကျေးရွာအုပ်စုတွင် နေထိုင်သူများဟုသိရှိရပြီး ၎င်းတို့၏ ထွက်ခွာဖြတ်သန်းရာလမ်းကြောင်းနှင့် မည်သည့်ဒေသသို့ ဆက်လက်သွားရောက်မည်တို့ကို မအီမြို့၊ ပူးပေါင်းစစ်ဆေးရေးဂိတ်တာဝန်ကျ လက်ထောက်လဝကမှူးဦးမင်းခိုင်နှင့် မအီနယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးဇင်ယုတို့က မအီနယ်မြေရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး အဆိုပါခိုးဝင်ဘင်္ဂါလီ(၂)ဦးအား လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးပေါ်ပေါက်ချက်သတင်းတို့အား ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း မအီနယ်မြေရဲစခန်းက သိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)