Pages

Pages

ကျောက်ဖြူမြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်ဆင့်ပွားသင်တန်း နောက်ဆုံးနေ့အား ဆက်လက်ပို့ချ






MNP ၊ မေ ၃၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်ဆင့်ပွားသင်တန်းကို နောက်ဆုံးနေ့ကို ယနေ့ နံနက် ၈ နာရီက မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ဆက်လက်ပို့ချလျက် ရှိသည်။ 

အဆိုပါသင်တန်းကို သင်တန်းနည်းပြဆရာ (၄)ဦးတို့က ကျောက်ဖြူမြို့နယ်အတွင်းရှိ  အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ  ကျောင်းအုပ်ဆရာကြီ၊ဆရာမကြီး (၁၇၁) ဦးတို့အား ပညာရေးစီမံခန့်ခွဲမှုဘာသာရပ်၊ ဘဏ္ဍာရေးရာဘာသာရပ်နှင့် ပညာရေးရာဘာသာရပ် စသည့်ဘာသာရပ်များအား စာတွေ့၊လက်တွေ့ ဆွေးနွေးပို့ချပေးလျက်ရှိပြီး သင်တန်းကာလမှာ မေလ ၂၉ ရက်နေ့မှ  ၃၀ ရက်နေ့အထိ (၂)ရက်ကြာ ပို့ချပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment