Pages

Pages

ပေါင်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ ဆက်လက်ဖြေဆို





MNP ၊ မေ   ၁၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော  ပါဠိပထမပြန် စာမေးပွဲကို မေလ ၁၁ ရက်  နေ့လယ်ပိုင်းက ကဒါရပ်ကွက်သာသနာ့ဗိဗာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်က စာဖြေသံဃာတော်များ လိုက်နာရမည့် စည်းကမ်းချက်များကို လျောက်ထားခဲ့သည်။အဆိုပါ ပါဠိပထမပြန် စာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိုက်ထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ် သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ စာဖြေသံဃာတော်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ယနေ့စတင်ဖြေဆိုသည့် ပါဠိပထမပြန်စာမေးပွဲသို့ စာရင်းသွင်း သံဃာတော် (၈၅)ပါးတွင် လာရောက်ဖြေဆိုသည့် စာဖြေသံဃာတော်(၆၃)ပါး၊ ပျက်ကွက် (၂၂) ပါးနှင့် ကြီးကြပ်ဆရာတော် (၁၇) ပါးတို့ဖြင့် ကျင်းပဆောင် ရွက်ခဲ့ကြသည်။ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)ကို မေလ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ စုစုပေါင်း (၇)ရက်ကြာ ကျင်းပ သွားမည်ဖြစ်ကြောင်း  သိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment