ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် (၂၅)ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် (၂၅)ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့တက်ရောက်


MNP ၊ မေ ၁၂

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၈ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးများက ပူးတွဲသဘာပတိများအဖြစ် တာဝန်ယူဆောင်ရွက်သော (၂၅)ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ Virtual အစီအစဉ်ဖြင့် တက်ရောက်သည်။

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါအလွန်၌ အားလုံးပါဝင်ဆောင်ရွက်ကြမည့် ပြန်လည်ထူထောင်ရေး အစီအစဉ်များနှင့်စပ်လျဉ်း၍ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ မက်ခရိုစီးပွားရေး ရှုမြင်သုံးသပ်ချက်များနှင့် ဦးစားပေးဆောင်ရွက်သင့်သည့် မူဝါဒများ၊ အာဆီယံ+၃ နိုင်ငံများ ပါဝင်ဆောင်ရွက်လျက်ရှိသော ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ကြသည့် အာဆီယံ+၃ မက်ခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office – AMRO) ၏ လုပ်ငန်းတိုးတက်မှု၊ AMRO ရုံးအား Regional Knowledge Hub အဖြစ် ကြိုးပမ်းဆောင်ရွက်နေမှု၊ ဇင်းမယ်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေး (Chiang Mai Initiative Multilateralisation – CMIM) လုပ်ငန်းအစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏ တိုးတက်မှု၊ အာရှငွေချေးစာချုပ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာအကူအညီပေးရေး အစီအစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးရာ၌ AMRO အား Regional Knowledge Hub အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအစီအစဉ်နှင့် ကာလလတ်စီမံကိန်း (၂၀၂၂-၂၀၂၆) အကောင်အထည်ဖော်မှုများကို မြန်မာနိုင်ငံက ထောက်ခံအားပေးပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ ယှဉ်တွဲဖွံ့ဖြိုးလာသည့် financial digitalization နှင့် digital transformation နည်းလမ်းများ ဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်ရန် AMRO သို့ တိုက်တွန်းပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာရှငွေချေးစာချုပ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာအကူအညီများ ရယူ၍ အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် Financial resilience against climate and natural disasters လုပ်ငန်းအဖွဲ့၏ စွမ်းဆောင်ရည် တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန်တွင် နိုင်ငံ့စီးပွားရေး ပြန်လည်အားကောင်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းစီးပွားရေး ပြန်လည်ဦးမော့လာရေး လုပ်ငန်းစဉ်များတွင်လည်း အာဆီယံ+၃ နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါဝင်ဆွေးနွေးသည်။

အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို အာဆီယံနိုင်ငံများနှင့် အပေါင်းသုံးနိုင်ငံများဖြစ်ကြသည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့က အလှည့်ကျ ပူးတွဲတာဝန်ယူပြီး နှစ်စဉ်ကျင်းပခြင်း ဖြစ်သည်။ ယခုနှစ် ကျင်းပသည့် အာဆီယံ+၃ အစည်းအဝေးများကို Virtual Meeting ပုံစံဖြင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး၊ အစည်းအဝေးသို့ အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အာဆီယံ+၃ မက်ခရိုစီးပွားရေးသုတေသနရုံးနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ အကြီးအကဲများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)