မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၅၃၁)၊ ဦးပိုင်အမှတ်-၁၆(က)ရှိ နွေစပါးစံကွက် ရိတ်သိမ်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၅၃၁)၊ ဦးပိုင်အမှတ်-၁၆(က)ရှိ နွေစပါးစံကွက် ရိတ်သိမ်း




MNP -  မေ   ၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ရွှေနံ့သာကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၅၃၁)၊ ဦးပိုင်အမှတ်-၁၆(က) တောင်သူ ဦးပန်းညွန့်၏ နွေစပါး စိုက်ပျိုးလယ်မြေစပါးစံပြကွက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

နွေစပါးစံကွက်ဖြစ်သည့် ရွှေနံ့သာကျေးရွာအုပ်စု၊ တောင်သူ ဦးပန်းညွန့်၏ ဆင်းသုခ/ဆင်းသွယ်လတ် မျိုးစပါး စံပြကွက်(ဝ.၁၀)ဧက စံကွက်ရိတ်သိမ်းကြရာ တစ်ဧကအထွက်နှုန်း (၁၂၈.၄၆)တင်းနှုန်း ထွက်ရှိကြောင်းလည်း သိရသည်။

နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမြင့်ဆွေနှင့်ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာတာဝန်ခံနှင့်ဒေသခံ တောင် သူများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သတင်း - ဆုလှိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)