Pages

Pages

ပေါင်မြို့နယ်တွင် အမျိုးသား(၆)ဦး ချောင်းအတွင်း ငါးဖမ်းနေစဉ် ရေစီးကြောင်းနှင့် မျှောပါသွားရာမှ အမျိုးသား ၅ဦးမှာ ပျောက်ဆုံးနေဆဲ







MNP ၊ မေ ၂၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မေ ၂၀ ရက် ညနေ ၅ နာရီခွဲခန့်က အမျိုးသား (၆)ဦး ချောင်းအတွင်း ငါးဖမ်းနေစဉ် ရေစီးကြောင်းနှင့်အတူ မျှောပါသွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။


ဒေသခံများဖြစ်ကြသည့် မောင်ဇော်၊ သက်ထက်ချစ်ဦး၊ မောင်အာကာမိုး၊ ကျော်ဝင်းထွန်း၊ သန့်ဇင်ထွန်း၊ အမည်(စုံစမ်းဆဲ)တို့မှ ပေါင်မြို့နယ်၊ တပ်မှူးချောင်ကျေးရွာအနီး ဘိုင်လောင်းချောင်းအတွင်း၌ ယင်းတွန်းဖြင့် ငါးဖမ်းနေချိန်ရေစီးကြောင်းနှင့် မျှောပါသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ရေစီးကြောင်းနှင့်အတူ မျှောပါခဲ့သူများအနက် မောင်ဇော် ဆိုသူအား ထန်းပင်ချောင်ကြီးချောင်းစပ်အနားမှာ နာရီပိုင်းအတွင်း အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီး ကျန် (၅)ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။


အဆိုပါရေစီးကြောင်းနှင့်အတူ မျှောပါခဲ့သူများမှာ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာဇာတိဖြစ်ကြပြီး ပျောက်ဆုံးနေဆဲ အမျိုးသား (၅)ဦးအနက် (၄)ဦးမှာ ၂၀ နှစ်အောက် အသက်အရွယ်ရှိသူများ ဖြစ်ကြတယ်လို့ သိရသည်။


ပျောက်ဆုံးနေသူအားလုံး ရှာဖွေတွေ့ရှိနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် နယ်မြေကျွမ်းကျင်သူများတို့မှ ထပ်မံရှာဖွေသွားမည်ဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment