Pages

Pages

မောင်တောမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုတွင်ပါဝင်သူ ၇၃၀၄ ဦးအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေးပြီဖြစ်



MNP ၊  မေ   ၁၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးစီးသော ဦးတည် အုပ်စု တွင်ပါဝင်သူများ အား ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယနေ့ နံနက်ပိုင်းက သတ်မှတ် စုရပ် နေရာ များ တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦး ဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာ ကွယ် ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့် သူများ အား ကိုယ် အပူ ချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ သွေးတွင်း အောက်စီဂျင် ပမာဏ တိုင်းတာခြင်း ၊ကျန်းမာ ရေး စစ် ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေ အနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေသည်။ 

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်း ၁၃ ဦး ၊ ကျန်းမာရေးဝန်ထမ်း ၁ ဦး ၊ ပညာရေးဝန်ထမ်း ၁၉ ဦး ၊ ပြည်သူ ၈၃ ဦး စုစုပေါင်း ၁၁၆ ဦး အားထိုးနှံပေးခဲ့ပြီး  မေ ၁၂ ရက်နေ့ထိ  ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပြီးစီးသူ ၇၃၀၄  ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက် များ နှင့် အညီ ဆက် လက်ထိုးနှံပေးခဲ့ပြီး  ဖြစ် ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment