Pages

Pages

ဘားအံခရိုင် Community Centre တွင် Book Club ၊ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်


MNP - မေ   ၁၉


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း BookClub၊ Youth Club အဖွဲ့ဝင်များဖြင့် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသော “ အရည်အချင်းဆီသို့”  စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး  ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ဘားအံခရိုင် Book Club အဖွဲ့ဝင်နန်းသဇင်အေးက အရည်အချင်းဆီသို့ စာအုပ်တွင် ပါဝင်သည့်သူများ မကောင်းကိုယ်သာကောင်း၊ အကျိုးပြုစာပေတစ်ခု ခေါင်းစဉ်များ ဖြင့်လည်းကောင်း၊ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အရည်အချင်းဆီသို့၊ အားကိုးရာအစစ် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဘားအံခရိုင်ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က လမ်းဖောက်သူလား၊ မိမိကိုယ်မိမိယုံကြည်မှု ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာစာဖတ်ဝိုင်းသို့ တက်ရောက်လာသော Book Club ၊ Youth Club အဖွဲ့ဝင်များမှ သိရှိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment