Pages

Pages

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်



MNP - မေ   ၁၂


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  မြို့နေပြည်သူများ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို  စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများဖလှယ်ပြီး အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ယမန်‌နေ့က လူထုအခြေပြုဗဟိုဌာန( Community  Centre)  ခန်းမ၌  ကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။


ရှေ့ဦးစွာ ဆွေးနွေးပွဲကို စာရေးဆရာ မှိုင်း(ဆေး_၂)၏ "အသီးအရွက် နီးလျက်နဲ့မဝေးစေလို" စာအုပ်ပါ အကြောင်းအရာများကိုအခြေခံပြီး စတင်ဆွေးနွေးရာ ဆောင်းပါးပါ အချက်အလက်များနှင့် သက်ဆိုင်သောအကြောင်းအရာများ၊ အခြားမိမိတို့သိရှိထားသော ကျန်းမာရေးဗဟုသုတများကို အပြန်အလှန်ဆွေးနွေးကြရာ (Book Club)အသင်းမှ နန်းသီတာက ဖရဲသီးသည် ဈေးနှုန်းသက်သာပြီး မိမိတို့၏ ကျန်းမာ‌ရေးအတွက် အကျိုးရှိသောကြောင့် ပုံမှန်စားသုံးရန်၊  ဒေါ်စုစုဝင်းမှ ကန်စွန်းနွယ်ပင်များသည် အဆိပ်အတောက်ကိုနိုင်ပြီး မျက်စိအားတိုးဆေးဖြစ်သောကြောင့် စားသုံးပါက ကျန်းမာရေးအတွက် အကျိုးပြုကြောင်းကို အပြန်အလှန်ဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါဆွေးနွေးပွဲ တက်ရောက်လာသူများကလည်း ယခုလို ကျန်းမာရေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ ဆောင်ရွက်ပေးရာ မိမိတို့သိသည့်အသိများကို မိတ်ဆွေအချင်းချင်းဖလှယ်နိုင်ပြီး ကျန်းမာရေးအသိများတိုးသောကြောင့် ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment