မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

 




MNP - မေ    ၃၀


မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။


အဆိုပါဆွေးနွေးပွဲတွင် မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုဘိုဟန်က မူး ယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းဒုတိယဥက္ကဋ္ဌ ဦးအုန်းရွှေက မူးယစ်ဆေးဝါးဆိုတာ ဦးနှောက်နှင့်အာရုံ‌ကြောကိုထုံထိုင်းစေခြင်း၊ မူးယစ်စေခြင်း၊ ကိုယ်ခန္ဓာကို တစ်နည်းနည်းဖြင့်ဘေးအန္တရာယ်ဖြစ်စေခြင်း၊ သုံးစွဲသူအားဆေးဝါးအပေါ် စိတ်ရော ကိုယ်ပါစွဲလန်းမှုဖြစ်စေခြင်း၊ မသုံးစွဲဘဲမနေနိုင်အောင် ဖန်တီးထားတဲ့ဆေးဝါးများဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာသော ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများမှာလည်း သိလိုသည်များမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲကို စေတနာ့ဝန်ထမ်း (volunteer)အသင်းသူ/အသင်းသားများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)