စဉ့်ကူးမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် (Grade-11) မြို့နယ်အဆင့် Face to Face ဆင့်ပွားသင်တန်းပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် (Grade-11) မြို့နယ်အဆင့် Face to Face ဆင့်ပွားသင်တန်းပို့ချ


MNP ၊ မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက်တန်းအဆင့် သင်ရိုးသစ် (Grade-11) မြို့နယ်အဆင့် Face to Face ဆင့်ပွားသင်တန်းကို ယမန်နေ့က စတင်ဖွင့်လှစ်ပို့ချခဲ့ရာ ယနေ့နံနက် ၉ နာရီမှ ညနေ(၄)နာရီအထိ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းတွင် အခြေခံပညာရုံးချုပ်မှပို့ချသော သင်တန်းကိုတက်ရောက်ခဲ့သည့် မြို့နယ်အဆင့် သင်တန်းကြီးကြပ် (၂)ဦး၊ နည်းပြ (၁၀)ဦး တို့က ဘာသာရပ်များအလိုက် စာသင်ခန်း(၁၀)ခန်းခွဲကာ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၆၄) ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ဘောဂ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ကာယပညာ စသော (Grade-11) သင်ရိုးသစ်ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ ပို့ချပေးလျက်ရှိသည်။

အဆိုပါ သင်ရိုးသစ် (Grade-11) မြို့နယ်အဆင့် Face to Face ဆင့်ပွားသင်တန်းကို မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၃)ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)