Pages

Pages

မောင်တောမြို့၌ မြို့နယ်အဆင့် Grade-11 သင်ရိုးသစ်သင်တန်း ဖွင့်လှစ်ပို့ချ





MNP ၊ မေ    ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်  Grade-11 သင်ရိုးသစ် သင် တန်း ဖွင့်ပွဲကို ယနေ့  နံနက် ၉ နာရီမှ  အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ တွင် ဖွင့်လှစ် ခဲ့သည်။

ရှေးဦးစွာ  ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်ဝေသိန်းက သင်တန်းဖွင့် အမှာ စကား ပြောကြားရာတွင်  မြို့နယ်အဆင့်  Grade-11 သင်ရိုးသစ် သင်တန်းသည် ပညာရေးမြှင့်တင်နိုင်ရေး ၊ လက်ရှိ ပညာရေးနည်းစနစ်များ ၊ အတွေး‌အခေါ်များ ၊ တီထွင်ကြံဆနိုင်မှုများ ၊ ပညာရေးကဏ္ဍသည် အရေးကြီး ပါကြောင်း ၊ အကျင့်စာရိတ္တကောင်းမွန်သူများ မွေးထုတ်ပေးရန်လိုအပ်ကြောင်း စသည့် သင်တန်းဖွင့်လှစ်ပို့ချပေး ရခြင်းနှင့်ပတ်သတ်၍ ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်း က သင်တန်း နှင့် ပတ်သတ် ၍  သင်တန်းမှ ပို့ချပေးမည့် ဘာသာရပ်များအား စနစ်တကျ လေ့လာမှတ်သား သင်ယူ ကြရန် နှင့် သင်တန်း တွင် လိုက်နာဆောင်ရွက်ကြရမည့် စည်းကမ်းချက်များအား အကျယ်တဝင့် ရှင်းလင်း ပြော ကြားခဲ့ သည်။  ထို့နောက်  ဗဟိုနည်းပြသင်တန်းတက်ရောက်သင်ယူခဲ့သော အထက(၂)မောင်တောမှ အထက် တန်း ပြ ဦးအောင်ကျော်လှ  ဗဟိုနည်းပြသင်တန်းမှ  ပို့ချပေးလိုက်သည့် အတွေ့အကြုံဗဟုသုတများအား ဆွေးနွေး ရှင်းလင်းခဲ့သည်။

အဆိုပါ မြို့နယ်အဆင့်  Grade-11 သင်ရိုးသစ် သင်တန်းတွင် နည်းပြ  ၁၀ ဦး တို့က မြို့နယ် အ တွင်း ရှိ အခြေခံပညာ အထက်တန်းအဆင့် ဆရာ/ဆရာမ  ၁၁၅ ဦးတို့ကို  မြန်မာစာ ၊ အင်္ဂလိပ်စာ  ၊သင်္ချာ ၊ ဓာတု ဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ ၊ ဘောဂဗေဒ ၊ ပထဝီ ၊သမိုင်း ၊ လူမှုရေးသိပ္ပံ  နှင့် ကာယ ဘာသာရပ် များအား  မေ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ  နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြား ပို့ချ ပေးမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment