ဂွမြို့တွင် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ်(Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့တွင် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ်(Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်




MNP ၊  မေ ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင်  ၂၀၂၂-၂၀၂၃  ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား အထက်တန်းအဆင့် သင်ရိုးသစ် (Grade-11)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ဂွမြို့)ရှိ ပညာရတနာခန်းမတွင်  ဖွင့်လှစ်ပို့ ချလျက်ရှိကြောင်း သိရသည်။ 

အခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံးမှ  ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းနိုင်က  သင်တန်းဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ နောက် သင်တန်းကိုဆက်လက်ပို့ချရာ သင်တန်း နည်းပြဆရာ (၁၂)ဦးတို့မှ ဂွမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၁၀၀) ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီ၊ သမိုင်း၊ လူမှုရေးသိပ္ပံနှင့်ကာယစသော(Grade-11)သင်ရိုးသစ်ဘာသာရပ်များအား နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ လည်းကောင်း၊ နေ့လည်(၁)နာရီမှ ညနေ (၄)နာရီအထိ လည်းကောင်း စာတွေ့၊ လက်တွေ့ ပို့ချပေးလျက်ရှိပြီး  ဆင့်ပွားသင်တန်းကို  မေလ ၂၁ ရက်နေ့မှ  ၂၃ ရက်နေ့အထိ(၃)ရက်ကြာ ပို့ချပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန် ရှိ သူတစ်ဦးထံမှ သိရှိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)