ပန်းတနော်မြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ် အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတနော်မြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ် အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်



MNP - မေ  ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်း၌ မေလ ၂၁ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက တက်ရောက် အားပေခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်မှ Grade-11 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတက်ရောက်နေသော ဆရာ ဆရာမများအား ရာနှုန်းပြည့်ကျောင်းအပ်နှံရေး၊ ကျောင်းအတွင်း အပြင်သန့်ရှင်းရေးကိစ္စများ၊ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သင်ကြားနိုင်ရေး၊ သတ်မှတ်ရက်တွင် ကျောင်းများ ဖွင့်လှစ်ရန် အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိနိုင်ရေး၊ ယဉ်ကျေးလိမ္မာပြီး စည်းကမ်းကောင်းမွန် ထူးချွန်သည့် အကောင်းအဆိုး ခွဲခြားစဉ်းစားနိုင်ပြီး မျိုးချစ်စိတ်ဓာတ်ရှိသောမျိုးဆက်သစ် ကလေးများ ပေါ်ထွန်းလာစေရေး စေတနာ၊ မေတ္တာအရင်းခံစိတ်ဓါတ်ဖြင့် သင်ကြားပေးကြရန်နှင့် အေချမ်းစွာပညာသင်ကြားနိုင်ရေး  လုံခြုံရေးကိစ္စများ အပါအဝင် အခြား လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပညာရေးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများက ဆရာ ဆရာမ များအား ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ်ဆင့်ပွားသင်တန်းကို မေလ ၂၁ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ နေ့စဉ်နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ (Grade-11) သင်ရိုးသစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ဘောဂ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ကာယ ပညာဘာသာရပ်များကို သင်တန်းနည်းပြ ဆရာ ဆရာမ (၁၁)ဦးတို့က သင်ကြား ပို့ချပေး သွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း (၂၀၁)ဦး တက်ရောက်သင်ယူလျက် ရှိကြောင်း ပန်းတနော်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ပြည့်ဖြိုးကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)