Pages

Pages

ဘီးလင်းမြို့နယ်၌ သင်ရိုးသစ် Grade-11 မြို့နယ်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်လှစ်




MNP ၊ မေ ၂၁

 သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-11 မြို့နယ်အဆင့် (ဆင့်ပွား)သင်တန်း ကို ယနေ့နံနက် ၉ နာရီက အထက (ဘီးလင်း)ကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သင်ရိုးသစ် Grade-11 မြို့နယ်အဆင့် သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၆၃) ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြဆရာ၊ ဆရာမ ၁၆ ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ပထဝီ၊ သမိုင်း  နှင့် ကာယပညာ ဘာသာရပ် (၁၀)မျိုးကို နေ့စဉ်နံနက်(၉) နာရီမှ ညနေ(၄)နာရီအထိ ၃ ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ထူးနောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment