ပေါင်မြို့နယ်အခြေခံပညာ အထက်တန်းကျောင်း၌ Grade - 5 သင်တန်း တတိယနေ့ဆက်လက်ပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်အခြေခံပညာ အထက်တန်းကျောင်း၌ Grade - 5 သင်တန်း တတိယနေ့ဆက်လက်ပို့ချ







MNP ၊ မေ  ၁၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ Grade - 5 သင်တန်း တတိယနေ့ကိုဆက်လက်ပို့ချလျက်ရှိသည်။


သင်ရိုးသစ် Grade - 5 သင်တန်းတွင် မြန်မာစာ၊ အဂ်လိပ်စာ၊လူမှုရေး(စာရိတ္တ၊ပြည်သူ့နီတိ)နှင့်ကာယပညာရပ်များကို နည်းပြ(၅၈)ဦး ကကျောင်းပေါင်း()ကျောင်းရှိဆရာ၊ဆရာမ(၉၀၁)ဦးကိုသင်ကြားပေးလျက်ရှိသည်။


ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက်ကလေးသူငယ်များပညာသင်ယူနိုင်မည့်အခွင့်အလမ်းမြင့်မားရေးကိုဦးတည်ပြီးအမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းရည်မှန်းချက်(၉)ရပ်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊အခြေခံပညာရေးစနစ်ကို(KG+12)အစီအစဉ်ဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်ပြီး သင်ရိုးပြုပြင်ပြောင်းလဲပေးခဲ့သည်မှာ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ပြီးစီးနိုင် ရေး ဆောင်ရွက်ရန်ဖြစ်သော်လည်း  ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် မူလတန်းအဆင့် ပဉ္စမတန်း(Grade-5) ၊အလယ်တန်းဆင့်အဋ္ဌမတန်း(Grade-8)၊အထက်တန်းဆင့်ဧကဒသမတန်း(Grade-11)တို့ကို သင်ရိုးညွှန်းတမ်း အသစ်များဖြင့် သင်ကြားသင်ယူမှု ဆောင်ရွက်နိုင်ရေးအတွက် ယခု မူလတန်းဆင့်အဋ္ဌမတန်း(Grade-5) သင်ရိုးသစ်သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ကလေးများအတွက်အရည်အသွေးအာမခံမှုရှိသော ပညာရေးစနစ်ကို အကောင်အထည် ဖော်ရာတွင် မြို့နယ် အဆင့်(Grade-5) သင်ရိုးသစ်ဆင့်ပွားသင်တန်းကို လာရောက်ကြသည့်ဆရာ၊ဆရာမများ အနေဖြင့် သင်ရိုးညွှန်းတမ်းကို ပိုင်နိုင်စေရန် သင်တန်းကာလအတွင်း ကြိုးစားပမ်းစား လေ့လာဆည်းပူး ဆောင်ရွက်နေကြောင်းသိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)