Pages

Pages

မိုးညှင်းမြိုနယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဆင်း

 






MNP - မေ   ၁၉


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ မြသရဖူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကသော့ချက်ဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ မိုညှင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအား Grade-8 သင်ရိုးသစ် သင်ကြားရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်စေရန် ရည်ရွယ်၍ သင်တန်းဆင်းပွဲတွင် မြို့နယ်ပညားရေးမှူး ဒေါ်သန်းသန်းဆွေက အမှာစကား ပြောကြားခဲ့သည်။


အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ ဆရာ ဆရာမ (၃၆၁)ဦး၊ အခြားမြို့နယ်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ လာရောက်လေ့လာသူ (၇၇)ဦး၊ သင်တန်းမှူး (၁)ဦး၊ သင်တန်းကြီးကြပ်သူ (၅)ဦးနှင့် သင်တန်းနည်းပြ ဆရာ ဆရာမ (၁၉)ဦး ဆရာ ဆရာမ စုစုပေါင်း (၄၆၃)ဦးတို့ တက်ရောက်ကြပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာဘာသာရပ်တို့ကို မေလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့ထိ သုံးရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment