Pages

Pages

သင်ရိုးသစ်Grede-5 မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ်




MNP ၊ မေ ၁၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်Grede-5 မြို့နယ်အဆင့် ဆင့်ပွား သင်တန်းကို ယနေ့နံနက် ၉နာရီက တစ်နိုင်ငံလုံးတစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ရာ သံတွဲမြို့၌ အထက(ခွဲ)ငကျော်တောင် ကျောင်းနှင့် အထက(ခွဲ)မြို့မကျောင်းတို့တွင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းကို ကျောင်းသား၊ ကျောင်းသူများအားသင်ကြားပို့ ချရာတွင် ကျွမ်းကျင် ပိုင်နိုင်စွာသင်ကြားနိုင်ရေးအတွက်ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်Grede-5 ၏ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို မေ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိသင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းတွင် သံတွဲမြို့နယ်အတွင်းမှ မူလတန်းကျောင်းအုပ်၊မူလတန်းပြ၊ ဒုမူလတန်းပြ၊ လက်/ထောက်မူလတန်းပြ၊ တိုင်းရင်းသားဘာသာစာပေပြဆရာဆရာမများနှင့် အထွေထွေလုပ်သား စုစုပေါင်း (၉၀၄)ဦးရှိသည့်နက် (၈၈၂)ဦးသင်တန်းတက်ရောက်လျက်ရှိပြီး ပျက်ကွက်သူ ( ၂၂)ရှိကာ ဗဟိုနည်းပြသင်တန်းတက်ရောက်ပြီးသူ မူလတန်းကျောင်းအုပ်( ၅၈)ဦး တို့က ဆင့်ပွါးသင်ကြားပေးလျက် ရှိရာ သံတွဲမြို့နယ်ပညာရေးမှူးဒေါ်သိန်းတင်က သင်တန်းမှူးအဖြစ်ဆောင်ရွက်လျက်ရှိပြီး ဒုတိယပညာရေးမှူး ဦးထွန်းထွန်းနိုင်နှင့် လက်ထောက် ပညာရေးမှူး နှစ်ဦးတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိ ဆင့်ပွါးသင်တန်းဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း ဒုတိယပညာရေးမှူး ဦးထွန်းထွန်းနိုင်ထံမှ သိရှိရသည်။ 


သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment