သရက်ချောင်းမြို့နယ်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးလျာထားဧကပြည့်မီရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ICT နည်းပညာအဖွဲ့ ဖွဲ့စည်းခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးလျာထားဧကပြည့်မီရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ICT နည်းပညာအဖွဲ့ ဖွဲ့စည်းခြင်းဆောင်ရွက်

 



MNP - မေ   ၁၄


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဆင်ကူးတွင်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်သိပ္ပံနည်းကျစိုက်နည်းစနစ်များကို တောင်သူလက်ဝယ်သို့ အချိန်နှင့် တပြေးညီရောက်ရှိရေး ရည်ရွယ်၍ ICT နည်းပညာဖြစ်သော Viber group ၊ Messenger group များဖြင့်အကျိုးဆောင်တောင်သူများအား ICTနည်းပညာအဖွဲ့ ဖွဲ့စည်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါအဖွဲ့တွင် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဇော်မင်း ဦးဆောင်၍စံပြကျေးရွာအနေဖြင့်ဆင်ကူးကျေးရွာလည်းကောင်း၊ပန်းတောရပ်ကွက်တွင်လည်းကောင်း၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် မိုးစပါးလျာထားဧကပြည့်မီရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်သိပ္ပံနည်းကျစိုက် နည်းစနစ်များတောင်သူလက်ဝယ်သို့ အချိန်နှင့် တပြေးညီရောက်ရှိရေးနှင့် သတင်းအချက်အလက်များ တောင်သူအချင်းချင်း မျှဝေပေးနိုင်ရေးအတွက် ICT နည်းပညာဖြစ်သော Viber group ၊ Messenger group များဖြင့် အကျိုးဆောင် တောင်သူ(၂၅) ဉီးအား ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်းသိရသည်။


သတင်း - နန်းခလိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)