ရသေ့တောင်မြို့၌ Mobile Library စနစ်ဖြင့် အထက(၂)စာသင်ကျောင်း သို့စာအုပ်များအခမဲ့ ငှါးရမ်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့၌ Mobile Library စနစ်ဖြင့် အထက(၂)စာသင်ကျောင်း သို့စာအုပ်များအခမဲ့ ငှါးရမ်းပေး


MNP ၊  မေ ၁၁                                                                       

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယနေ့နေ့လယ် ၂ နာရီကအက(၂)စာသင် ကျောင်းသို့ သွားရောက်၍ Mobile Library စနစ်ဖြင့် စာအုပ်များအခမဲ့ငှား ရမ်းခြင်းများဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရသေ့တောင်မြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးနှင့်ဝန်ထမ်းများသည် Mobile Libraryစနစ်ဖြင့် သုတ/ရသ စာအုပ်များကို အခမဲ့ငှါးရမ်းပေးခဲ့ကြရာဆရာ၊ ဆရာမများက ငှားရမ်းရာနေရာသို့ လာရောက်ကြပြီး  ငှါးယူဖတ်ရှုခဲ့ကြရာ တစ်ဦးလျှင် နှစ်အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှါးရမ်းပေးခဲ့သည်။

ယခုကဲ့သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည်  ကိုယ်တိုင်သွားရောက်ငှါးပေးခြင်းမှာ ဌာနဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာနေ ပြည်သူများ၊ နှင့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်၊ စာစောင်များကို လေ့လာ ဖတ်ရှုလိုသည့်အလေ့ထကောင်းများဖြစ် ပေါ်စေပြီး အသိပညာဗဟုသုတများတိုးပွါးလာစေရေးတို့ အတွက် ဝန်ဆောင်မှုပေးခြင်းဖြစ် ကြောင်းသိရသည်။

သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)