ကသာမြို့နယ်၌ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်၍ ရုံးခန်းနှင့် စာသင်ခန်းများအတွင်းရှိ ပစ္စည်းများ ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာမြို့နယ်၌ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်၍ ရုံးခန်းနှင့် စာသင်ခန်းများအတွင်းရှိ ပစ္စည်းများ ဖျက်ဆီး



MNP ၊ မေ ၁၂

မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources (HR)လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် စာသင် ကျောင်းများအား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်း များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်၍ သင်ကြားရေးပစ္စည်းများ အား ဖျက်ဆီးခြင်း၊ နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ/ဆရာမများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများကို မြို့နယ်အချို့၌ လုပ်ဆောင်လျက်ရှိနေသည်ကို တွေ့ရှိရ သည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ မေလ ၁၁ ရက်နေ့ ည ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ တုန်းပေါကျေးရွာရှိ တုန်းပေါအခြေခံပညာအလယ်တန်းကျောင်းသို့ NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၃ ဦးခန့် ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်၍ ၂ ထပ် စာသင်ကျောင်း ဆောင်ရှိ ကျောင်းအုပ်ကြီး ရုံးခန်းနှင့် စာသင်ခန်းတစ်ခန်းအတွင်းမှ ပစ္စည်းများအား ဖျက်ဆီး ခဲ့သဖြင့် ဓာတ်ဗူး ၁ လုံး၊ မိတ္တူစက် ၁ လုံး၊ ပြတင်းတံခါးမှန် ၂ ချပ်တို့ပျက်စီးခဲ့ပြီး ဗီရို ၄ လုံး၏ သော့များကို ဖျက်ဆီးဖွင့်လှစ်၍ အတွင်းရှိ စာရွက်စာတမ်းများအား ဖြန့်ကျဲဆုတ်ဖြဲဖျက်ဆီးသွား ကြောင်း သိရသည်။

ထိုကဲ့သို့ စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများ နှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)